My extended thoughts

As the name explains, I am crying out loud for my extended thoughts …

ဆန့်ထုတ် မိ သော အ တွေး များ – Extended Thoughts

leave a comment »

ဆန့်ထုတ် မိ သော အ တွေး များ

In this blog, I would like to share my extended thoughts.

Written by saetaman

January 2, 2010 at 8:02 am

Posted in Info

Tagged with ,

Medical Doctors in Myanmar – စေတနာ ဆရာဝန်ကြီးများ ၏ ရွေးချယ်ခွင့်

leave a comment »

တလောလေးက ဂျာနယ် တစောင်မှာ ဆရာဝန်ကြီး တယောက်က ဆရာဝန်တွေဖက်က ရှေ့နေလိုက်ပေးထား တာ ဖတ်လိုက်ရတယ်။

သူက ဆရာဝန် တွေက အချိန်လုပြီး လူနာတွေကို လာကြည့်ပေးရတာ၊ နောက်တခါလာခါနီး ပါချုပ် က စာစစ်အတွက်ခေါ်လိုက်ရင်၊ အခြားတမြို့ (နေပြည်တော်ထင်ပါ့) က အစည်းအဝေးခေါ်လိုက်ရင်၊ နိုင်ငံခြားသွား ခါနီးဝင်ကြည့် ရရင် လူနာရှင်တွေ ရဲ့ လျှာရှည်မှု၊ စိတ်စောမှု တွေကို ရှင်းမပြနိုင်တဲ့ စိတ်တိုမိတဲ့ ဆရာဝန်ကြီးတွေကို အပြစ်မမြင်ပဲ စေတနာနဲ့ လာကြည့်ပေးတာကို ကျေးဇူးတင်သင့်တဲ့ အကြောင်း တွေရေးထားတာပါ။

အဲဒါ ဖတ်ကြည့်ပြီး အတွေးဆန့်ထုတ်မိပြန်ရော။

အဲဒီ သူပြောတဲ့ ဆရာဝန်ကြီးတွေက ဆေးရုံ၊ရုံး၊ဆေးခန်း၊ဝန်ကြီး ကြားမှာ ဗျာများနေရပုံပေါ့။ ရုတ်တရက် စဉ်းစားရင်တော့ ဟုတ်သလိုလိုပဲ။ ကိုယ်ချင်းစာချင်ရာပေါ့။

ဒါပေမဲ့ – အဲဒီလို ဆေးရုံ၊ရုံး၊ဆေးခန်း(တခန်းမက ဆယ်ခန်းလောက် ပတ်ပြေး) ၊ဝန်ကြီး ကြားမှာ ဗျာများနေရအောင် ဘယ်သူက ရွေးချယ်တာလဲ? ဆေးခန်း တခါထိုင် လူနာ ၁၀၀၊ ၂၀၀၊ ၃၀၀ (တဦး ၃ မိနစ်) ကြည့်ဖို့ ဆုံးဖြတ်တာ ဘယ်သူလဲ?

ဒီလို ဂရုဏာ သက်စရာ အကြောင်းပြနေမဲ့ အစား သေချာ ပြန်စဉ်းစား ကြဖို့ ကောင်းနေပြီ ထင်ပါတယ်။

မြန်မာ့လူထု Health Care အတွက် ဆရာဝန်ကြီးများ ဘာလဲ၊ ဘယ်လဲ ဆိုတာ …..

Written by saetaman

February 16, 2010 at 2:57 pm

Posted in Exteneded ....

Tagged with , ,

Sticker vs Bad Guys – စတစ်ကာ မှန်ကပ် ကားများ နှင့် မကောင်းမှု ပြုလုပ်ကြသူများ

leave a comment »

ရန်ကုန် မှာ စတစ်ကာ မှန်ကပ် ကားများ ကို ပြင်းထန်စွာ အရေးယူတော့မယ်လို့ သတင်းစာ၊ ဂျာနယ်တွေမှာ ဖော်ပြထားပါတယ်။

အကြောင်းရင်းကတော့ စတစ်ကာ မှန်ကပ် ကားများ နှင့် မကောင်းမှု ပြုလုပ်ကြသူများ အခွင့်ကောင်းယူပြီး ဒုစရိုက်မှုတွေ မကျူးလွန်နိုင်အောင်ပါတဲ့။

ဒါပေမယ့် အချို့သော ကားတွေက တရားဝင် နီးပါး စတစ်ကာ ကပ်ထားလို့ ရနေတယ်ဆိုတော့ ဒုစရိုက်မှုတွေ တရားဝင် ကျူးလွန်နိုင်အောင် ခွင့်ပြုထားတာလားလို့ အတွေးဆန့်ထုတ်မိပြန်ပါတယ်။

မကောင်းမှု ပြုလုပ်ကြသူများသာ ကား စတစ်ကာ မှန်ကပ်ကြလို့ပါဆို?

Written by saetaman

February 15, 2010 at 4:25 pm

Posted in Exteneded ....

Tagged with ,

On the road in Yangon – ရန်ကုန် က လမ်းပေါ်မှာ

leave a comment »

ရန်ကုန် က လမ်းပေါ်မှာ သွားလာနေကျတာကိုကြည့်ပြီး အတွေးဆန့်ထုတ်မိပြန်ရော …

  • ယာဉ်စည်းကမ်းထိမ်းသိန်းရေး ကားက လမ်းစည်းကမ်း ချိုးဖောက်နေတာ
  • မော်တော်ဆိုင်ကယ် တွေ က လမ်းစည်းကမ်း ချိုးဖောက်နေတာ – သုံး ယောက်စီးတာ၊ ဦးထုပ် မဆောင်းပဲ စီးတာ၊ တခါတလေ ညဖက်ဆို အရွယ်မရောက် တဲ့ ကလေးတွေ စီးတာ
  • လူတွေက ကားကို ဂရုမစိုက်ပဲ (No Horn Zone ဆိုတော့) လမ်းကူးချင်သလိုကူးတာ
  • လိုင်းကားတွေ စည်းကမ်းဖောက်တာကို ကို့တာဝန်ကျတဲ့ နေရာက ဒီအတိုင်းရပ်ကြည့်နေတာ

    မြို့ပြ မဆန်တာလား မြို့ပြဆန်လွန်းနေတာလားလို့??

    ps: နေပြီတော် မှာတော့ စည်းကမ်းအဖောက်ဆုံးကားတွေက ကြယ်ပါတယ်ဆိုလားပဲ

  • Written by saetaman

    January 6, 2010 at 5:58 am

    Posted in Exteneded ....

    Tagged with ,

    MPT new call rates – mobile phone (ဟဲလို ကြားလား ကြားရလား)

    leave a comment »

    ထူးတေဇာ ရဲ့ Blog http://www.htootayzar.com/myblog/2010/01/mpt-need-to-respect-users/

    mobile phone တွေအားလုံးရဲ့ အထွက်ခေါ်ခကို တစ်မိနစ်ကို ၅၀ ဈေးနဲ့ တိုးလိုက်တယ်

    ကို ဖတ်မိပြီး အတွေး ဆက်ဆန့် မိပြန်ပြီ။ “Hello ကြားလား ကြားလား” အချိန်တွေအတွက် MPT က Discount ပေးရင် ကျေနပ်ကြမလား?

    QUOTE

    ကြုံတုန်းမို့ တစ်ဆက်ထဲပြောတာပါ… ဖုန်းအရေအတွက် နဲ့ Cell Tower တွေနဲ့ cover ကောဖြစ်ရဲ့လား မသိဘူးဗျ။ ဖုန်းပြောရင်တော့ အိမ်ရှေ့ပြေး နောက်ပြေးနဲ့ ကြားလား ကြားလား နဲ့ two way မသွားဘဲ walkie talkie လို 1 way ပြောနေရသလိုပဲ။ ထားပါတော့ ဈေးကလဲ ဘာလို့တက်လဲ မသိပါဘူး။ ဒီလိုဈေးတက်တဲ့ အတွက် ပုံမှန်ဖုန်းခေါ်ခ အရင် ၂၅ ကျပ်နဲ့ ၁၀၀ ကျတဲ့ အချိန်မျိုးက အခု ၂၀၀ ကျပါမယ်။ အဲဒီမှာ ထပ်ဆောင်း စကားမပြောရဘဲ ကြားလား ကြားလား အချိန်ကို ထပ်ပေါင်းပေးရပါမယ်

    UNQUOTE

    Written by saetaman

    January 5, 2010 at 9:36 am

    Posted in Exteneded ....

    Tagged with , , ,

    Traffic Light in Myanmar – မြန်မာ မီးပွိုင့် စနစ်

    leave a comment »

    မြန်မာပြည်မှာ မီးပွိုင့် မီးနီ ဖြတ်မောင်းရင် အရေးယူ ပါတယ်

    ဒါပေမဲ့ – မီးပွိုင့် ပျက်လို့ ယာဉ်တိုက်မှု ဖြစ်ရင်တော့ ဘယ်အဖွဲ့ကမှ တာဝန်ယူ ရော်ပေးတယ်ဆိုတာ မရှိပါ …..

    Written by saetaman

    January 2, 2010 at 8:33 am

    Follow

    Get every new post delivered to your Inbox.